လူနဲ့လိင်ဆိုတာ ခွဲမရဘူး။ လူဟာ လိင်ဆက်ဆံတယ်။ လိင်ဆက်ဆံတော့ လူထွက်တယ်။ လူထွက်တော့ လိင်ဆက်ဆံတယ်…
လိင်ဆက်ဆံတာ အမှားမဟုတ်ဘူး။ ငယ်တုန်းရွယ်တုန်း ဘူမသိကိုးမသိသွားလုပ်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကများတယ်။ ဒါပေမဲ့ ရှောင်းလန်ကို ဘယ်သူမှ အဖက်မလုပ်ကြဘူး။ သူ့ကိုယ်၌ကလည်း သူဘာဖြစ်ချင်မှန်းသိပုံမရဘူး။ လိင်ဆက်ဆံတာ သူ့အတွက်မသက်မသာကြီးဖြစ်နေသလိုလိုကိုမှ သူက ဆက် ဆက်ဆံတယ်။ အမေကလည်း သမီးဘာဖြစ်နေတယ်မသိဘူး။ ဒီလိုနဲ့ ဒီကားဇာတ်သိမ်းသွားတယ်။
အဆုံးကျ ရှောင်းလန်တစ်ခုခုတော့သိသွားတယ်။ ဒီလိုနဲ့ ရှောင်းလန်ဇာတ်လမ်းပြီးသွားတယ်။ ရှောင်းလန်ပြီးသွားတယ်…
ဇာတ်ကားဟာ ဘာမှတော့မဟုတ်ပေမဲ့ တရုတ်ရဲ့နယ်ပယ်သုံးခြမ်းမှာ Art Film အဆန်ဆုံးရုပ်ရှင်တွေထုတ်တတ်တဲ့ ထိုင်ဝမ်က ထုတ်ထားတဲ့ ကားဖြစ်ပြီး ထိုင်ဝမ်ရုပ်ရှင်ပီပီသသနဲ့ပဲ ကျန်တဲ့တရုတ်ကားတွေထက် လိင်မှုဘဝကို လက်တွေ့ကျကျနဲ့ ထင်ထင်သာသာကို ပုံဖော်သွားပြီး ဆယ်ကျော်သက်ဘဝမှာ ဖြစ်လေ့ထရှိနိုင်တဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်သွားတယ်လို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတော့ ထိုင်ဝမ်ကားတွေကို ကြိုက်တတ်တဲ့သူတွေ ကြိုက်ကြမယ့် ထိုင်ဝမ်ကားပါပဲ။