ဟာရူအိုဟာ လမ်းပေါ်ကလူအသွားအလာတွေကိုရေတွက်ရတဲ့ ဆာဗေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူရေတွက်နေတဲ့သူတွေထဲက မိန်းမလှလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။
နောက်ငါးနှစ်အကြာမှာတော့ ဟာရူအိုရဲ့အရူးရောဂါက အတော်လေးမြင့်တက်နေခဲ့ပါပြီ။ သူကြိတ်ချစ်နေတဲ့ကောင်မလေး မာကိုတိုဟာ အိမ်ထောင်နဲ့ဆိုတာသိရတဲ့နောက် မာကိုတိုနဲ့မျက်နှာချင်းဆိုင်က အိမ်ကိုငှားနေပြီး အလုပ်ကိုပါပြောင်းပစ်လိုက်ပါတယ်။
မာကိုတိုနဲ့သူ့ရဲ့သာယာတဲ့အိမ်ထောင်ဘက်ကို တစ်ဖက်ကနေချောင်းကြည့်ပြီး စိတ်ဖြေတတ်သလို တစ်ခါတစ်လေ ပစ်စာလိုလိုကြောင်တောင်တောင်စာတွေလည်းပို့တတ်ပါသေးတယ်……
တစ်ချိန်မှာတော့မာကိုတိုဘက်က သူ့ကိုရိပ်မိသွားခဲ့ပြီး လူရိုးကြီး ဟာရူအိုကို အရူးအမဲသားကျွေးလိုက်ချိန်မှာတော့ ဟာရူအိုတစ်ယောက်ဘယ်လောက်အထိရူးရူးမိုက်မိုက်ရှေ့ဆက်တိုးမလဲဆိုတာကို ဆက်ပြီးရှုစားကြပါနော်……..