ရီဂျွိုက်စ်နဲ့မားကပ်စ်ဟာ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး လတ်တလောမှာတော့ မားကပ်စ်တစ်ယောက် ရောဂါကြောင့်ကိုမာဝင်သွားတဲ့အတွက်
ရီဂျွိုက်စ်ကပဲ စီးပွားရေးလူမှုရေးတင်မက မားကပ်စ်ရဲ့ကျန်းမာရေးကိစ္စကိုပါ အသေးစိတ်ပြုစုတာဝန်ယူထားရပါတယ်။
တစ်နေ့မှာတော့ မားကပ်စ်ရဲ့ဖုန်းကို အမျိုးသမီးတစ်ယောက်ဆီက မက်ဆေ့ချ်ဝင်လာခဲ့ပြီး အဲ့ဒီအမျိုးသမီးဟာ သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့
မားကပ်စ်ရဲ့တိတ်တိတ်ပုန်းလျှို့ဝှက်ဇာတ်လမ်းတစ်ခုဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့နောက် ရီဂျွိုက်စ်တစ်ယောက်
အဲ့ဒီအမျိုးသမီးနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းတွေ့လိုက်ရတဲ့အချိန်မှာ သူထင်ထားသလိုမဟုတ်ပဲ
အကြောင်းရင်းအမှန်တွေကိုပိုသိလာရတဲ့နောက် အဲ့ဒီအမျိုးသမီးကို သတိလစ်နေတဲ့ သူ့ခင်ပွန်းထက်ပိုပြီးငြိတွယ်သွားမိပါတော့တယ်။
Mainstream လိုင်းဘက်ကိုပြောင်းသွားပြီးနောက် ဒီဘက်ပိုင်းမှာကားရိုက်ကြဲသွားတဲ့ မမလေး Angeli Khang ရဲ့ကားသစ်ဖြစ်ပါတယ်။
ရီဂျွိုက်စ်အဖြစ်ပါဝင်ထားသူကတော့ The Voice Kids မှာဒိုင်သုံးယောက်ကိုခုံလှည့်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ Ataska Mercado ဖြစ်ပြီး
ဒီဇာတ်ကားရဲ့ဇာတ်ဝင်သီချင်းတွေကို ကိုယ်တိုင်သီဆိုထားပါတယ်။အားရကျေနပ်ကြမှာပါနော်…………….