https://innsett.com/wp-content/uploads/2025/03/ad-6-gg-.gif
Download complete video now!

American Reunion (2012) American Pie 4

0 views
0%

IMDb Rating (6.7)

ဒီကားကတော့ American Pie 4 လို့ တနည်းအားဖြင့်ခေါ်ရမှာဖြစ်ပြီး မူလဇာတ်လမ်းရဲ့ အဆုံးပိတ်ရုပ်ရှင်ကားဖြစ်ပါတယ်။

American Reunion ဆိုတဲ့အတိုင်း Jim,Kevin,Oz,Finch,Stifler တို့ ၉၉ ကျောင်းသားအုပ်စုတွေ နှစ်ပေါင်းများစွာအကြာမှာ တဖန်ပြန်တွေ့ကြမယ့်ပွဲပါ။
1999 ခုနှစ်က အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ သူတို့အုပ်စု ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၂ မှာ ဘာတွေဖြစ်နေကြပြီလဲ
အထက်တန်းကျောင်းတုန်းက ကျောင်းမှတ်တမ်းစာအုပ်မှာ အသီးသီးရေးထားခဲ့ကြတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ခုချိန်မှာ ဖြစ်တည်နေကြပြီလား

လူ့ဘဝကြီးမှာ တခါတလေ လှောင်ရယ်ချင်စရာကောင်းတာက မှန်းထားတာနဲ့ ဖြစ်နေကြတာတွေက တလွဲစီတွေ ဖြစ်နေတတ်ကြတာမျိုးပဲမလား
ဖြူစင်တဲ့ကလေးဘဝကိုကျော်ဖြတ်ပြီးသွားကြတဲ့ Jim တို့အုပ်စု ဘယ်လိုအနေအထားတွေနဲ့ ပြန်ဆုံကြမလဲ…
သူတို့ချစ်သူရည်းစားတွေနဲ့ရော ဘယ်သူတွေက တည်တံ့ခိုင်မြဲနေပြီလဲ

ပြောရရင် American Pie ဇာတ်လမ်းတခုလုံးကို ဒီ American Reunion က အကောင်းဆုံးပိတ်သိမ်းပေးနိုင်ခဲ့ပါတယ်။
Jim တို့ ၉၉ ကျောင်းသားအုပ်စုရဲ့ သူငယ်ချင်းသံယောဇဉ်တွေ မိသားစုမေတ္တာတွေ ဖြူစင်မှုတွေကို အကောင်းဆုံးချပြပိတ်သိမ်းနိုင်ခဲ့ပြီး
ဒီ American Reunion ဇာတ်ကားကြောင့်ပဲ ရှေ့က ၃ ကားလုံးက ပိုပြီး တောင်ပြောင်သွားစေတယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။

ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး
CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။

(American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)