CM ပရိသတ်ကြီးအတွက် မဖြစ်မနေ ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဒီရုပ်ရှင်ဟာဆိုရင် ပွင့်လင်းရှင်းလင်းတဲ့ ပြကွက်ပေါင်းများစွာ ပါဝင်နေပေမယ့် p-o-r-n လို နှိုးဆွစေရန် မရည်ရွယ်ဘဲ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ဟာသရုပ်ရှင် ပုံစံမျိုး တင်ဆက်ထားပါတယ်
ဟိုရောက်တော့ ယောကျာ်း မိန်းမမျိုးစုံ အဝတ်တွေမကပ်ကြဘဲ ပွင့်လင်းမြင်သာစွာ လိင်အပျော်ကြူးနေတာကို မြင်လိုက်ရတော့ Virginia တစ်ယောက် အံ့အားသင့်သွားရပါတယ်
Jake က သူ့ပရောဂျက်အတွက် Virginia ကို ကမ်းလှမ်းလာတဲ့အခါမှာ Virginia တစ်ယောက် အလုပ်လည်း မရှိ နေစရာလည်းမရှိသေးတာကြောင့် အရာရာစမ်းသပ်ကြည့်ဖို့ လက်ခံလိုက်ပါတယ်
ဒီရုပ်ရှင်မှာဆိုရင် အမျိုးစားစုံလင်အောင် မူမမှန်တဲ့ ကာမစိတ်အမျိုးမျိုးနဲ့အတူ BDSM, Group Sex စတဲ့ နည်းနည်းဆန်းတာကစလို့ ကျွန်တော်တို့သိမှာမဟုတ်လောက်တဲ့ အဆန်းကြယ်ဆုံး လိင်မှုကိစ္စတွေပါ ထည့်သွင်းထားပြီး consent ( နှစ်ဦးသဘောတူညီချက်) ရဲ့ အရေးပါပုံ… လိင်စိတ်အပေါ် အကောင်းမြင်မှု၊ ယောကျာ်းမိန်းမ အယူဝါဒ ကွဲပြားမှုအပြင် အချစ်နှင့် ပျော်ရွှင်မှုကိုရှာဖွေကြပုံတို့ကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပါနော်…………………….