It Follows (2014)-48 (18+)

Download complete video now!
0 views
|

t Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကား‌တွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။
.
Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ အရမ်းနှေးလို့ ရှောင်ပြေးလို့တော့လွယ်ပေမဲ့ ဘယ်နေရာသွားသွား ရောက်အောင်လိုက်ပါတယ်။ မိရင် အသတ်ခံရမှာဖြစ်ပြီးတော့ အသတ်ခံခဲ့ရင် အရင် ဟိုကောင်လေးဆီလိုက်မှာပါ။ အဲဒီအတွက် ဒီဟာကိုရှောင်ပြေးနိုင်ဖို့ဆိုရင် ကောင်မလေးဟာ တစ်ခြားတစ်ယောက်နဲ့ အိပ်ပြီး အဲဒီတစ်ယောက်ကို ဒီ curse လွှဲပေးလိုက်ဖို့ပါ။ ပြီးရင် အဲကောင်ကလည်း တစ်ခြားတစ်ယောက်နဲ့ ဆက်လုပ် ဆက်လုပ်နဲ့ မပြီးတော့မဲ့ပုံပါပဲ။ ဒါကိုကောင်မလေး လွတ်အောင် ရုန်းရတဲ့ ဇာတ်လမ်းပါ။

Leave a Reply

Your email address will not be published. Required fields are marked *