မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန် Pink Film လေးတွေဘက်ပြန်လှည့်ကြရအောင်ပါ
။အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ နာမည်ကျော် Roman porno series ထဲက နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ She Cat ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့
ဒေါက်တာ ကတ်ကာဂါမီဟာသူ့ရဲ့အတိတ်ဆိုးတွေကိုပြည်ဖုံးကားချပြီးလက်ရှိဘ၀မှာ အနိုင်ကျင့်ခံအားကိုးရာမဲ့အမျိုးသမီးတွေကို ကူညီပေးနေသလို သားဖွားမီးယပ်ဆေးခန်းလည်းဖွင့်ထားပါတယ်။သူနဲ့အတူလက်တွဲလုပ်ဆောင်နေတဲ့သူကတော့ သူ့ရဲ့လိင်တူချစ်သူလည်းဖြစ် ဆရာဝန်တစ်ဦးလည်းဖြစ်ပေမယ့်နောက်ကြောင်းကိုမသိရတဲ့ ကိုတိုဟီရတ်ဆုကာ ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့နှစ်ယောက်အတူသွားတက်တဲ့ပါတီတစ်ခုမှာ ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့ပြီးအသက်ဘေးက သီသီလေးလွတ်ခဲ့ပေမယ့် အမည်မသိတစ်ဖက်ဂိုဏ်းသားတွေကသူတို့ကို ပစ်မှတ်ထားလာချိန်မှာတော့ ဒေါက်တာ ကတ် တစ်ယောက် သူ့အရည်အချင်းတွေကိုထုတ်ပြဖို့ဖြစ်လာပါတော့တယ်
။Pink Film ဆိုပေမယ့် အဖော်အချွတ်သက်သက်မဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်လှည့်ကွက်အပြည့်ကိုမှခေတ်ဟောင်း ဂန္ဓဝင်မမတွေရဲ့ ဂန္ဓဝင်အလှကို ကွက်ကွက်ကွင်းကွင်းရှုစားရမယ့် ကားကောင်းတစ်ကားပါ။