Download complete video now!

The Negotiation (2018)

0 views
0%

သည်းထိတ်ရင်ဖို မှုခင်းဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက်

ဒီတစ်ခေါက်မှာတော့ အားလုံးရဲ့အချစ်တော်ဖြစ်တဲ့ BinJin Couple လေးရဲ့ ပထမဆုံး အတူတွဲပြီး

ရိုက်ကူးခဲ့တဲ့ The Negotiationဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းလေးကတော့….

ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိမလေး ဟာချယ်ယွန်း(Son Ye-jin) နဲ့  ဒုစရိုက်ဂိုဏ်းခေါင်းဆောင်

မင်ထယ်ဂူ (Hyun Bin) တို့ကြားက အပြန်အလှန်ညှိနှိုင်းမှုတွေကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။

ဟာချယ်ယွန်းဟာ ရဲတပ်ဖွဲ့ရဲ့ အရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှာ အတော်ဆုံး ညှိနှိုင်းရေးမှူးတစ်ယောက်ဖြစ်ပေမဲ့

ဓားစာခံဖြစ်စဉ်တစ်ခုမှာ လူတွေသေဆုံးခဲ့ရလို့ စိတ်အကြီးအကျယ်ထိခိုက်ပြီး အလုပ်ကနေ နုတ်ထွက်ဖို့

စဥ်းစားနေဆဲမှာပဲ နောက်ထပ် ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

ထိုဖြစ်ရပ်ရဲ့ နောက်ကွယ်က လူကတော့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် မင်ထယ်ဂူဆိုတဲ့သူ ဖြစ်နေပြီး

အံ့ဩစရာကောင်းတာတစ်ခုက မင်ထယ်ဂူဟာ ညှိနှိုင်းရေးအရာရှိ ဟာချယ်ယွန်းနဲ့မှသာ စကားပြောမယ်လို့

တောင်းဆိုခဲ့တာပါပဲ… ဒီလိုနဲ့ ဟာချယ်ယွန်းဟာ ထိန်းချုပ်ရေးခန်းထဲကနေ မင်ထယ်ဂူနဲ့

ဗီဒီယိုခေါ်ဆိုမှုကနေတစ်ဆင့် ညှိနှိုင်းဆွေးနွေးရင်း သူ့ရဲ့ စိတ်နေသဘောထားနဲ့ ရည်ရွယ်ချက်တွေကို

နားလည်အောင် ကြိုးစားရပါတော့တယ်။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ မင်ထယ်ဂူရဲ့ ပြန်ပေးဆွဲရခြင်း

အကြောင်းအရင်းဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကလဲ့စားချေမှုသက်သက်မဟုတ်ဘဲ အခြားသော နက်နဲတဲ့

လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ ဟာချယ်ယွန်းတစ်ယောက် တဖြည်းဖြည်း သိလာရတဲ့အခါမှာတော့….

ဘာတွေဆက်ဖြစ်သွားမှာလဲ…. ဓားစာခံတွေကိုရော ကယ်တင်သွားနိုင်မလား…

ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ခံစားကြည့်ရှုပေးကြပါဦးနော်……………………….